ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်းက ကိုယ်ထူ ကိုယ်ထကျောင်း တကျောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်( PDF) ဂဠုန်စစ်ကြောင်းက ငွေကျပ် ၅ သိန်းထောက်ပံ့ခဲ့တယ်လို့ မနေ့က အသိပေးပါတယ်။
မကြာမီကာလမှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တဲ့ အတွက် လိုအပ်တာတွေ အသုံး ပြုနိုင်ဖို့ ပြည်သူများ ထောက်ပံ့ပေး မှုထဲကနေ ငွေကျပ် ၅ သိန်းကို မေလ နောက်ဆုံးရက်မှာ ပြန်လည် မျှဝပေးခဲ့တယ်လို့ သိရပါတယ်။
Galon Column ဂဠုန် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နဲ့ ကရင်ပြည်နယ် ကျိုက်ဒုံ မြို့တို့မှာ (MLA) မွန်အမျိုးသားလွတ်မြောက်ရေး တပ်တော် နဲ့ (KNLA) ) ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်၊ KNDO ကရင်အမျိုး သားကာကွယ်ရေးတပ် မဟာ မိတ်တို့နဲ့ ပူးပေါင်းပြီး လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။