ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းရှိ တံတား ၁ စင်းကို KNLA – PDF ပူးပေါင်း တပ်က ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် KNU – ထိန်းချူပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင် ကျေးရွာ အထွက်ရှိ ကျောက်ကြီးနှင့် နတ်သံကွင်းကို သွယ်တန်းထားသော တံတားကို KNLA – PDF ပူးပေါင်းတပ်ဖွဲ့က ဖောက်ခွဲ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တံတားသည် အကြမ်းဖက် စစ်တပ်၏ အဓိက လက်နက်၊ ရိတ်က္ခာထောက်ပို့နေသော တံတား ၁ စင်းဖြစ်ပြီး ကျောက်ကြီး (လယ်ဒို) နယ်မြေအတွင်း နယ်မြေစိုးမိုးမှုမရှိတော့သည့် အကြမ်းဖက် စစ်တပ် အနေဖြင့် နယ်မြေစိုးမိုးရေးအတွက် လူအင်အားတိုးချဲ့မှုများ၊ စစ်ကြောင်းထိုးမှုများ၊ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ရန် အဓိက အသုံးပြုသော တံတား ၁ စင်းဖြစ်သောကြောင့် KNLA ပူးပေါင်းတပ်က ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း KNLA-PDF ကျောက်ကြီး တပ်ရင်း ၉ – ၁၀၃၅ က ထုတ်ပြန်ထားသည်။