ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ငါးထွေဆုပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်ကြီးမြို့နယ် ငါးထွေးဆုပ်ရွာကို ဝင်ရောက် စီးနင်းပြီး မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကငါးထွေဆုပ်ကျေးရွာကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ရှို့နေတာ ၁၄ ရက်နေ့က ရွာထဲကို လေယဥ်နဲ့ ဗုံးကျဲပြီး ဒီနေ့ ရွာကို စစ်ခွေးတွေက ဝင်စီးနင်းတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်ထိ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ကျေးရွာ အနီးအနားမှ PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားချိန်တွင် စစ်တပ်က ကျေးရွာကို လေယာဥ်ဖြင့် ဗုံးကျဲပြီး စစ်ကြောင်းထိုး မီးရှို့ခြင်းဖြစ်ကြောင်း သိရသည်။