ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတွင် ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“လေယာဥ်နဲ့ ၃ ခေါက် လာပစ်တယ်။ လေယာဥ် ပျက်ကျတာတော့ မကြားဘူး။ နံနက် အစောကတည်းကတိုက်ပွဲ ဖြစ်နေတယ်လို့ သိရတယ်။ မနက်ကဖိုက်တာ ၂စီးပစ်တယ် အခု ၁ စီး ထပ်လာပစ်တယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုအခြေအနေကို မသိရှိရသေးဘဲ ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများလဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။