ကျောက်ဖြူမြို့နယ်မာ ဒေနိ (ဒီဇမ်ဘာ ၁၅ရက်နိ)မိုးထကစလို့ စိုင်ခြုံရွာနန့်ရှောက်ချောင်းရွာတိကို စစ်ကောင်စီတပ် (နေဗီ)က ဝင်စစ်နီပါရေ။
ဒေနိမိုးထ ၄ နာရီခွဲလောက်မာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်အခြီစိုက် စစ်ကောင်စီ၊ ရီတပ်စခန်းက တပ်ဖွဲ့ဝင် ၄၆ယောက်စွာ စိုင်ခြုံရွာထဲသို့ စီးနင်းဝင်ရောက်ပနာ ရွာသားတိကို ခြိမ်းခြောက်စစ်ဆီးခပါရေ။
“ရွာသားတိကို စာသင်ကျောင်းသို့ခေါ်ပနာ အိမ်ထောင်စုစာရင်းတိစစ်တေ။ မိန်းမြန်းမှုတိလုပ်ခပါရေ။သူရို့ဝင်လာရေခါ စိုင်ခြုံရွာ လောင်းဆိပ်ကတက်လာရေ ရွာသား ၆ယောက်ကိုလည်း သီနတ်နန့် လှမ်းပစ်ခရေ။ ကံကောင်း လို့ မကျလီပါ။ ယေပြီးကေ စိုင်ခြုံက အိမ်တချို့ကိုလည်း တက်လို့မွှီလားခပါသိမ့်ရေ”လို့ စိုင်ခြုံ ရွာသားတိက ပြောပါရေ။
အလားတူ တချိန်းတည်းမာပင် အင်အား ၄၀ လောက်ပါရေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တိစွာ ရှောက် ချောင်းရွာကိုလည်း ဝင်ရောက်ပနာ ရပ်သူ ရွာသားတိကို ခြိမ်း ခြောက် စစ်ဆီးမှုတိလုပ်ခကတ်ပါရေ။
“မိုးထ ၈ နာရီခွဲလောက်မာ ရွာသားတိကို စာသင်ကျောင်း မာစုပနာ ရွာသားတိကိုအိမ်ထောင်စုစာရင်းစစ်တေ။ ရွာသို့ လူစိမ်းတိဝင်လာကေ သူရို့(စစ်ကောင်စီ)ကို သတင်းလာပီးဖို့လည်းပြော ဆို လားပါရေ”လို့ ရွာသားတိက ဆိုပါရေ။
ရက္ခိုင်ပြည်တဝန်းမာ ရက္ခိုင့်တပ်တော် AA ၏ ၁၀၂၇ စစ်ဆင်ရီးအတွင်း တပ်စခန်း (၁၄၀) ကျော်စွန့်လွှတ်ခရရေအထိ မရှုမလှ ကျယှုံးနီရရေ စစ်ကောင်စီစွာ တိုက်ပွဲဖြစ်တေအချိန်ကစလို့ ဒေနိအချိန်ထိ အရပ်သားပြည်သူတိကို ခြိမ်းခြောက်အနိုင်ကျင့်စွာ၊ မတရားဖမ်းဆီးစွာ၊ လူသားဒိုင်းကာအဖြစ်ပြုလုပ်စွာ၊ လူမဆန်စွာ ညှင်းပန်းနှိပ်စက် ရိုက်နှက်သတ်ပုတ်စွာတိကို နိစဉ်ရက်ဆက် ဆက်တိုက်ပြုလုပ်လို့ ဟိနီပါရေ။