ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။
” ဂုတ်တွင်း အတက် ကျောက်မဲဘက်ခြမ်းမှာ စစ်ကား အပစ် ခံရတာ ကားတွေ ပိတ်မိနေပြီး ကားတွေ ပြန်ထွက်လို့ ရလို့ မောင်းတဲ့အချိန်မှာ စစ်သားအလောင်းတွေ လမ်းမပေါ် အပုံလိုက်တွေ့ရတယ်။ ဘယ်နှကောင် သေလဲ အတိအကျတော့ မသိရပါဘူး” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။