တောင်ငူ-လိပ်သိုလ် လမ်းပိုင်း၊ ကျောက်လုံးကြီးရွာရှိ အကြမ်းဖက်စစ်ကောင်စီစခန်းနဲ့ စခန်းရှေ့ရှိ စစ်ဆေးဂိတ်ကို ဖေဖော်ဝါရီလ ၈ရက် နေ့လည် ၁၀နာရီ ၃၀မိနစ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ People Defence Force Thandaungက ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေရဲ့ ပြန်လည်ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို People Defence Force Thandaung အဖွဲ့ရဲ့ MLB Fighters Droneအဖွဲ့မှ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။