ချင်းတွင်းဒေသအတွင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အမှတ်(၃)စစ်ကြောင်းမှာ ရှိတဲ့ တော်လှန်ရေးရဲဘော်များက တောင်သူလယ်သမားများရဲ့ စပါးရိတ်သိမ်းခြင်းလုပ်ငန်းစဥ်တွင် ပါဝင်အားဖြည့် ကူညီခဲ့ကြပါတယ်။
ကျောင်းသားတပ်မတော်(ABSDF)မှ ရဲဘော်တွေကလုပ်သားရှားပါးမှုပြသနာကြောင့် စပါးရိပ်သိမ်းဖို့ ခက်ခဲနေတဲ့ တောင်သူလယ်သမားများကို စပါးရိတ်ခြင်း၊ စပါးရိုက်ခြင်းစတဲ့ လုပ်ငန်းတွေမှာ လုပ်အားပေးဆောင်ရွက်ခဲ့ကြတာပါ။
ပြည်သူ့ရင်သွေးများဖြစ်တဲ့ ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များဟာ ရောက်ရှိရာဒေသတွေမှာ ခက်ခဲနေသော ပြည်သူများရဲ့ ပြည်သူ့အကျိုးလုပ်ငန်းများကို ကျရာနေရာကနေ တတ်စွမ်းသမျှ သယ်ပိုးလျှက် ရှိနေကြပါတယ်ဆိုပြီး ABSDF Colum -3 က ထုတ်ပြန်ထားပါတယ်။