ကျွန်းစုမြိုနယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊ ရှော်တောမော်ကျေးရွာရဲစခန်းကို ဝင်ပစ်ခဲ့တယ်လို ကျွန်းစုမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အဲဒီရဲစခန်းမှာ ရဲတပ်သား ၁၀ ဦးခန့်ရှိပြီး မနေ့ကညနေ ၆ နာရီခွဲဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲက လျှပ်တစ်ပြက်ဝင်ပစ်တာလို သိရပါတယ်။ မိနစ်ပိုင်းအတွင်း အထိအခိုက်မရှိပြန်ဆုတ်လာခဲ့တာကြောင့် နှစ်ဖက်ပစ်ခတ်မှုတော့မဖြစ်ခဲ့ဘူးလို ဆိုပါတယ်။
“စစ်သင်္ဘောတွေ မကြာမကြာလာလေ့ရှိတယ်။ စစ်ကြောင်းထိုးရင်လည်း ရှော်တောမော်ကနေစုဖွဲပြီး တိုးလာလေ့ရှိတယ်” လို အဲဒီရဲစခန်းရဲ့ အခြေအနေကို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။
အခုလ ၂၀ ရက်နေ့ကလည်း ဘန္ဒနဲကျေးရွာအုပ်ထဲက တဆားဂလက်ဝလိုခေါ်တဲ့ ချောင်းဖြတ်လမ်းတစ်နေရာမှာ ပျူစောထီးအဖွဲဝင်တွေလိုက်ပါလာတဲ့ လှေတစ်စီးကိုလည်း ကျွန်းစုမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲက အလစ်ငိုက်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီပစ်ခတ်မှုကြောင့် လှေနစ်မြုပ်သွားတယ်လို နောက်ဆက်တွဲသိရပြီး နစ်မြုပ်တဲ့နေရာဟာ ကမ်းစပ်နဲ့နီးတဲ့နေရာမျိုးဖြစ်တာကြောင့် လှေပေါ်ပါလာတဲ့သူတွေလွတ်မြောက်သွားဖို ဖြစ်နိုင်ချေများပြီး သေဆုံးရှိမရှိကိုတော့ တိကျ အတည်မပြုနိုင်ခဲ့ဘူးလိုဆိုပါတယ်။ ကျွန်းစုမြိုနယ်ဟာ လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းကြောင်းကိုသာအသုံးပြုသွားလာရတဲ့ ဒေသဖြစ်ပြီး သွားလာရခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။