မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာ အုပ်စု မန်းကြီးမြစ်တွင် စစ်ကောင်စီရေတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးလာသည်ကို ပူးပေါင်းအဖွဲ့နှင့်အတူ သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန်းကြီးမြစ်ဂလစ်ဝအနီးသို့ မေလ ၂၂ ရက်နေ့နံနက် ၁၀ နာရီခန့်တွင် ဖိနပ်လှေငယ်သုံးစီးဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ကျွန်းစု(ပကဖ) နှင့် တနင်္သာ ရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မိနစ်အနည်းငယ်ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းအဖွဲ့မှရဲဘော်များ အထိအခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှု ရှိ၊မရှိမသိရသေးဘဲအ တည်ပြုနိုင်ရန် ဆက်လက် စုံစမ်းဆဲဖြစ် ကြောင်း ကျွန်းစု(ပကဖ)မှ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ မေလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် ကျွန်းစု(ပကဖ)နှင့် တနင်္သာရီကာ ကွယ်ရေးပြောက်ကျား(တနင်္သာရီ-ပကဖ) ပူး ပေါင်းအဖွဲ့တို့သည် ရှော်တောမော်ကျေးရွာရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘောအမှတ် ၁၁၆ အား လက်နက်ကြီးနှင့်ပစ်ခတ်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“ရေတပ်က အနောက်က သင်္ဘောနဲ့ လိုက်ပေးတယ်။ ရေထဲဆိုတော့ စစ်ကြောင်းပဲ ပြောရမယ်ပေါ့။ ပျူတွေနဲ့ ရှော်တောမော်က စစ်ရေယာဥ် ၁၁၆ နဲ့က ဂလစ်ပေါက်(ချောင်းဝ)တွေ ဟိုပိတ်ဒီပိတ်လိုက်စောင့်တာ”ဟု စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့လှုပ်ရှားမှုကို ကျွန်းစုမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့သည် မြစ်အတွင်းစီးဝင်သော ချောင်းဝဖြတ် လမ်းများကို ပိတ်ဆို့စောင့်ကြည့်မှုများလုပ် ဆောင်နေစဥ် နှစ်ကြိမ်ဆက်တိုက်ခိုက်ခံရခြင်းကြောင့် နောက်ပြန်ဆုတ်သွားပြီး တိုက် ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအခြေမနေကို အတိအကျ မသိရသေးပေ။