ချင်းပြည်နယ်၊ မင်းတပ်မြို့ ၊ မတူပီနယ်အတွင်းက ကျွဲ၊ နွားနဲ့ နွားနောက်တွေမှာ ဒေါင့်သန်းနဲ့ ခွာနာ၊ လျှာနာရောဂါတွေ အဖြစ်များနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာလဆန်းပိုင်းကစတင်ဖြစ်ပွားနေပြီး ကူးစက်နှုန်းမြန်ဆန်နေတဲ့ အတွက်ကြောင့် မင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူရေးနှင့် ကုသရေးဌာနနဲ့ ချိတ်ဆက်ပြီး ခေတ္တကာကွယ်ဆေး ထိုးနိင်တယ်လို့ ပြောပါတယ်။
နယ်ခြားဒေသများမှ နွားနောက်၊ ကျွဲနွားနဲ့ အသားတွေ မင်းတပ်မြို့နယ်အတွင်း သယ်ယူလာခြင်းကို ခေတ္တရပ်နားဖို့နဲ့ ကာကွယ်ဆေးအချိန်မီ ထိုးနှံပေးကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။