မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ဒေသအခြေပြု ရွှေဖလားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ကြက်သွန်ရောင်းချပြီး လက်နက်ခဲယမ်း ဝယ်ယူနိုင်ရန် မျှော်မှန်းလုပ်ဆောင်နေတယ်လို့ ဒီနေ့မှာ အသိပေးပြောကြားပါတယ်။
“ ရောင်းချပြီးစီးချိန်မှာ ရလာမယ့် ငွေနဲ့ ပြည်သူများ ထည့်ဝင်ငွေကိုပါ ထပ်ပေါင်းလိုက်ရင် လက်နက်၊ ခဲယမ်း ဝယ်နိုင်ဖို့ မျှော်မှန်းထားတယ်၊ ပြည်သူတွေကိုလည်း တတ်နိုင်သမျှ ဝိုင်းကူကြဖို့လည်း ဖိတ်ခေါ်တယ်” လို့ Shwe Phalar People Defense Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခ ပြောပါတယ်။
တပ်ရင်းရန်ပုံငွေ တဖက်တလှမ်း ရရှိရန် ယောချောင်းအတွင်းမှာ ကြက်သွန်ခင်း ကျင်း ၁၀၀ ခန့် စိုက်ပျိုးထားခဲ့ရာ ဒီနေ့မှာ ခူးနှုတ် ခဲ့တာပါ။
SPPDF ပြန်ကြားရေး တာဝန်ခံ ကိုသုခက “ တပ်ရင်းရန်ပုံငွေအတွက် ကြက်သွန်ခင်း၊ မြေပဲ နှစ်မျိုး ဘဲစိုက်တယ်၊ အခု ကြက်သွန်ရိတ်ပြီးပြီ၊ တပ်ရင်း ရဲဘော် တွေရယ် ၊ ဒေသခံ ပြည်သူတွေရယ် လာရောက် လုပ်အားပေးခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။
အခုလို တပ်ရင်း ရန်ပုံငွေ စိုက်ခင်းအဖြစ်အလှူထည့်ဝင်ပေးတဲ့ အလှူရှင်များနဲ့ လုပ်အားအလှူပေးတဲ့ မြို့နယ် ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။