အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရတဲ့ ကျောင်းစာရင်းကို ပညာရေးဝန်ကြီးဌာနက မေ ၂ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ပညာရေးဝန်ကြီးဌာနက ကြားကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများစဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာ ရေးကျောင်းများ၊ Online ကျောင်းများနဲ့ ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက် ရှိတယ် လို့ ဖော်ပြထားပါတယ်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း အရေအတွက်က ၅၅ ကျောင်းအထိရှိတာကိုလည်း ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ကျောင်းတွေက လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနရဲ့ သဘောထား မှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁) ချက် နဲ့ Information and Technology Security Guidelines များကို လိုက်နာဆောင်ရွက်ပါမယ် ဝန်ခံကတိပြုထားတဲ့အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြတာ ကိုတွေ့ရှိရတယ်လို့ အသိပေးထားပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ အသိအမှတ်ပြု သက်တမ်းတိုးရန် လျှောက်လွှာတင်ထားတဲ့ ကျောင်းများအား ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနမှ ကျောင်းရဲ့ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။