ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတစ်ခုကို ၇၉ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၆)Black Dragon GBK PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၃ ရက် မွန်းလွဲ ၂ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းအား ၇၉ မမဗုံးသီးဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“အဓိက ပစ်မှတ်အနေနဲ့ လက်နက်ခန်းနဲ့အ ဆောင်ဖက်ကိုပါ။ နားယူနေတဲ့ အဆောင်ပေါ် တည့်တည့်ကျတာလို့ သိရပါတယ်”ဟု Black Dragon(GBK PDF)မှ တာဝန်ရှိသူက ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကို လူထုနွေဦးသို့ ပြောသည်။
၇၉ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲသုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း၊ တော် လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အလယ်ကုန်းရဲစခန်းတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် အင်အား ၂၀ကျော်ရှိပြီး ပြည်သူလူထုအပေါ် ပုံစံမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Dragon (GBK PDF)က အသိပေးထားသည်။