ဗြိတိန်(UK) ၊ လန်ဒန်မြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ်ဖြစ် သားဖြစ်သူ၊ မြေးဖြစ်သူများ နှင့်အတူ ပြည်ပရောက် မြန်မာတစ်ထောင်ဝန်းကျင်က တက်ရောက် ဂုဏ်ပြု ကျင်းပကြသည်။
ဇွန်လ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ အဖြစ် UK ရောက် မြန်မာ မိသားစုများက ကျင်းပခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည် ၏ သားငယ် ကိုထိန်လင်း(Kim)နှင့် မြေးနှစ်ယောက်တို့ပါ တက် ရောက်ကြကာ မွေးနေ့ကိတ်ကို ခွဲပေးခဲ့ကြသည်။
သားဖြစ်သူ ကိုထိန်လင်းက မွေးနေ့အမှတ်တရ စကားပြောကြားရာတွင် မိခင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူ များအား လုံးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထိုအခမ်းအနားသို့ UK နိုင်ငံ ဆိုင် ရာ NUG ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကိုတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။