ပဲခူးတိုင်း၊ သာယာ၀တီခရိုင် ၊ ကြို့ပင်ကောက်မြို့ရှိ စစ်ကောင်စီတိုးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံး ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း PDF တပ် ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် များက ကြို့ပင်ကောက်မြို့ စစ်တပ်တိုးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ ကြို့ပင်ကောက်တိုးဂိတ်မှာ စောင့် နေတဲ့ စစ်သားနဲ့ ရဲတွေကို တော်လှန်ရေးတပ်တွေဘက်ကနေ ဝင်ပစ်တာ။ အပြန် အလှန်ပစ်ခတ်မှုဖြစ်ကြတယ်။ ရဲ ၂ ဦးသေတယ်။ စစ်သား ၃ ဦး ဒဏ်ရာ အပြင်းအထန်ရတယ်။ ဒဏ်ရာရတဲ့ ၃ ဦးကို ဆေးရုံတင်ထားတယ်” ဟု ကြို့ပင် ကောက်မြို့မှ ဒေသပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
ယင်းနောက် ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်တပ်က ကြို့ပင်ကောက် မြို့ အဝင်၊ အထွက်များနှင့် မြို့ပေါ် နီးစပ်သော ရွာများကို စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။