ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ ဒတ်နိုင်းကျေးရွာအုပ်စုမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ခွဲကျော်က KIA တပ်မဟာ (၆)၊ တပ်ရင်း (၉) က သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်ထံက သိရပါတယ်။
“တနေ့ကတည်းက စဝင်တိုက်တာ။ မနေ့က ထမင်းစားနားပြီးမှ အပြီး ရှင်းလင်းနိုင်ခဲ့တယ်” လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၈ ကြိမ်ခန့် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့ရဲ့ ရှေ့ရက်က လေယာဉ် တစ်စီးထဲနဲ့ ဗုံး ၈ လုံး ကြဲချခဲ့တယ်။ ညပိုင်းလည်း ၃ ကြိမ်လောက် လာကြဲ သွားတယ်။ မနေ့က မနက် ၂ ကြိမ်လောက် လာကြဲတယ်။ အထိအခိုက်တော့ မသိရသေးဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ လေယာဉ်နဲ့ ကြဲတဲ့ ဗုံးထိမှန်လို့ ရွာထဲက နေအိမ်တွေ ပျက်စီးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ရွာအနီးက လင်ရှန်းဂူ စစ်ကောင်စီ တပ်စခန်းကို KIA တိုက်ခိုက် သိမ်းပိုက်ခဲ့ပါAO;တယ်။