ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ် အတွင်းရှိ တောင်ခြေရင်း ရှေ့တန်း တပ်စခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.LA) နှင့် တော်လှန်ရေး ပူးပါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းနှင့် အပြန်အလှန်လုံခြုံရေးအရ အထောက်အကူယူထားသည့် ဝင်းကလုံး စစ်စခန်းမှာလည်း မလုံခြုံတော့သဖြင့် ဒီဇင်ဘာလ (၂) ရက်နေ့တွင် ထိုစခန်းတွင် ချေကုတ်ယူထားသော ခမရ−၃၅၂ စစ်ကြောင်း (၂) မှာ စခန်းအား စွန့်ခွာသွားခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေတွင် ကွန်ဖဲ့စခန်းတွင် ချေကုတ်ယူထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထိုစခန်းမှ ဆုတ်ခွာခဲ့သောကြောင့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.LA) မှ သွားရောက်ရှင်းလင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုစခန်းများမှ ဆုတ်ခွာသွားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည့် မြို့နှင့်အနီးဆုံး တပ်စခန်းများသို့ ပြန်လည်အင်အားဖြည့်ပူးပေါင်းသွားသည်။