စစ်ကိုင်းတိုင်း၊ခင်ဦးမြိုနယ်က စစ်ကောင်စီတပ်မီးရှိဖျက်ဆီးထားတဲ့ ဗလီတွေမှာ အစ္စလာမ် ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းမှုတွေပြုလုပ်ပြီး ဒီနေ့ဇွန်လ(၂၉) ရက်နေ့ မှာကျရောက်တဲ့ အိးဒ်ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။
သရက်ကုန်း ကျေးရွာမှာရှိတဲ့ ဂျာမေ့အ်ဗလီမှာ အိးဒ်နမာဇ်ဖတ်ခဲ့ကြပြီး ဒီဝတ်ပြုဆုတောင်းမှု ကိုတော့ ကုရ်ဘာနီလိုခေါ်တဲ့ စွန့်လှူမှုဒါနကို ပြုလုပ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်စဉ် ဇွလ်ဟဂျ်လ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ ကုရ်ဘာနီ စွန့်လွှတ် လှူဒါန်းမှု အိးဒ်ပွဲတော်နေ့မှာ အလ္ဘာဟ် အသျှင်မြန်ထံတော်ပါး ဝတ်ပြုဆုတောင်းတာ၊ အလ္လာဟ် အသျှင်မြတ်ရဲ့ အမိန့်ကိုလိုက်နာပြီး ကောင်းမှုကုသိုလ်ပြုလုပ်တာတွေ လုပ်ဆောင်ကြတာဖြစ်ပါ တယ်။