စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ စစ်ရှောင်ပြည်သူများ အသုံးပြုသည့် မြစ်ကူး တံတား မြစ်ရေမြင့်တက်မှုကြောင့် ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ စစ်ဘေးရှောင် ပြည်သူများ အသုံးပြုနေသည့် မြစ်ကူး တံတားသည် မူးမြစ်ရေ မြင့်တက်မှုကြောင့် တံတားပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
” မူးမြစ်ရေ တိုးလို့ ကိုယ်ထူကိုယ်ထ ခင်ဦး- ရေဦး စစ်ရှောင် တံတား ပျက်စီးသွားတယ်။ မူးမြစ်ကူး တံတားပါ။ တံတားအကြီးက စစ်ခွေးတွေရှိလို့ စစ်ဘေးရှောင် ပြည်သူတွေ ရှောင်သွားရတဲ့ တံတားပါ။ အဲတံတားက ဒီပဲယင်း၊ ရွှေဘို ဘက်ကိုလည်း ဖြတ်သန်း သွားလာလို့ရတယ်။ ၄ မြို့နယ် စစ်ရှောင်ပြည်သူတွေ အသုံးပြုတဲ့ တံတားပါ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။