ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာတွင် နိုဝင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်သပိတ်ကော်မတီမှဦးဆောင်၍ ကျေးရွာအုပ်ချုပ်ရေး ကာကွယ်ရေးအဖွဲ့များနှင့် ပညာရေး မိသားစုများမှ ပြည်သူလူထုနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို အောင်သပြေဖြင့် ထောက်ခံကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
ပြည်သူများနှင့်ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၂၀၀ ကျော်ဖြင့် “၁၀၂၇စစ်ဆင်ရေး ပြည်သူအားလုံးပါဝင်ပေး”၊ “၁၀၂၇ရဲဘော်တွေ တိုက်ပွဲတိုင်းမှာနိုင်ပါစေ”၊ “၁၀၂၇ရဲဘော်တွေ ကျန်းမာပါစေ ချမ်းသာပါစေ”၊ “ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ဒို့အရေး”၊ “အရေးတော်ပုံ အောင်ရမည်” စသည်ဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သိရှိရသည်။