စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ နွေစပါးစိုက်ပျိုးနေတဲ့ အညာတစ်ခွင်က ကောက်စိုက်သူတွေ ကောက်စိုက်ရင်းနဲ့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ၊ NUG အစိုးရ ထောက်ခံရေး တို့အတွက် ဆန္ဒပြ သပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန် ကောက်စိုက်သူတွေက “အရေးတော်ပုံမုချအောင်ရမည်” ၊ “ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ” နဲ့ “အညာဖက်ဒရယ် အောင်ရမည်” အစရှိတဲ့ စာသားတွေကိုပါ ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေးဟစ်ကြွေးခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။