စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ပြာကျခဲ့ကြောင်း သိရသည်။
” ခင်ဦး အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ခွေးတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်စီးခဲ့တယ်။ ဝါးရုံကုန်းရွာကို စစ်ခွေးတွေ မီးရှို့လို့ ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ပြာကျသွားတယ်။ ပြည်သူတွေ ထိခိုက်မိတာတော့ မရှိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။