စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကာ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသပြည်သူများက ပြောဆိုကြသည်။
ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း ခင်ဦးမြို့ပေါ် အင်အား ၈၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းက သံဘိုကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါစစ်ကြောင်းက ဇန်နဝါရီလ ၆ ရက်နေ့ မြင်းဒေါင်းကျေးရွာမှ ခင်ဦးမြို့သို့ ချီတက်စဉ် လမ်းတွင် တွေ့ရှိရသည့် စိတ်ဝေဒနာရှင်တစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း၊ ဖမ်းဆီးခံရသူမှာ စိတ်ဝေဒနာခံစားနေရသော အသက် ၃၂နှစ်အရွယ် ကံသာယာရွာမှ မောင်စိုးဟိန်း ဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ခင်ဦးမှ သံဘိုကျေးရွာမှ ဒေသ ပြည်သူ ၁၅၀၀ ကျော် စစ်ဘေးရှောင် နေရကြောင်း ၊ စစ်တပ်စစ်ကြောင်းက ယမန်နေ့ ကံသာယာရွာမှ နေအိမ်နှင့် စပါးကျီများကို မီးရှီုခဲ့ကြောင်း သိရှိရသည်။