စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၆ရွာကို အကြမ်းဖက် စစ်တပ်က ဒီနေ့ ဖေဖော်ဝါရီ ၅ရက် မနက် ၉နာရီက စတင် ပစ်ခတ်ဝင်ရောက်နေပြီး သဲကုန်းကြီးရွာကို မီးတင်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ်ကလာတဲ့ အကြမ်းဖက် စစ်တပ်အင်အား ၈၀ ကျော်ဟာ ရေဦးတံတား ကြာဖူးဝိုင်းကနေ ခင်ဦးမြို့နယ် ရွာသစ်ရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးရွာ၊ မရမ်းအင်းရွာ၊ ကုန်းသာရွာ၊ သဲကုန်းကြီး ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်နေတာပါ။
အကြမ်းဖက် စစ်ကြောင်းက အဲဒီထဲက သဲကုန်းကြီးကျေးရွာကို နေ့လည် ၁နာရီ ၂၀ မိနစ်က စတင်မီးရှို့နေပြီးတော့ ခင်ဦးမြို့နယ် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။