စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက တော်လှန်ရေးအင်အားစုများရဲ့ စိုးမိုး နယ်မြေအတွင်း ကျေးရွာ ချင်းဆက် လမ်းပြုပြင်ရေး ဆောင်ရွက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပအဖ ထံမှ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ် ပအဖ၊ ပကဖ၊ လူသားစာနာ တာဝန်ခံ ၊ ရဲဘော်များ ၊ ပြည်သူများရဲ့ စုပေါင်းလုပ်အားနဲ့ ဧပြီ ၂၁ ရက် မှာ လမ်းဖွင့်ဖြို့ရေး ဆောင်ရွက်ခဲ့တဲ့မှတ်တမ်းကို မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဒီန့မှာ ထုတ်ပြန်ထားပါတယ်။
ကျေးရွားချင်းဆက် လမ်းဖွံ့ဖြိုးရေးအဖြစ် မြေညှိ၊ဖြန့်ဖြူးတဲ့ စက်ယန္တရာများ၊ မြေသယ်ယာဥ်များ၊ ထွန်စက်များ၊ လူအင်အားများ အသုံးပြုပြီး၊ ဂျင်းမြေဖို့တဲ့ လုပ်ငန်းများ ဆောင်ရွက်နေမှုကို အသိပေး ထုတ်ပြန်ထားပါတယ်။