စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အမှုစစ် သင်တန်း ၂/၂၀၂၄ ကို ဇန်နဝါရီ ၁၉ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
အဆိုပါ သင်တန်းဖွင့်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဌာနက ရဲချုပ် နဲ့ တာဝန်ရှိ သူတွေ၊ ဒေသတွင်း ရပ်ကျေး ပအဖ၊ ပကဖတွေတက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့ကြကာ ရဲချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီ သင်တန်းကို သင်တန်းသား ၇၀ ဦးတက်ရောက်ခဲ့ကြပြီးတော့ သင်တန်းမှာသင်တန်း သားတွေ အသုံးပြုဖို့ စာရေးကိရိယာတွေကို သင်တန်းဆရာ ရဲဘော်စွန်ရဲက ပေးဝေခဲ့ပါတယ်။
ခင်ဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ ဒုတာဝန်ခံ ဗိုလ်တေဇက ခင်ဦးမြို့နယ် အရှေ့ခြမ်း ပလဖ တာဝန်ခံ နဲ့ အနောက်ခြမ်း ပလဖ တာဝန်ခံတို့ကို အခွန်နှုန်း ၁၀ ရာခိုင်နှုန်းမှ ရရှိငွေနဲ့ ဝယ်ယူထားတဲ့ သေနတ် ၁ လက်စီ အသီးသီး ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။