စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (မြို့နယ် ပြည်သူရဲတပ်ဖွဲ့) အမှုစစ်အခြေခံစစ်သင်တန်းဆင်းပွဲကို ပြုလုပ် ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန ၊ ခင်ဦး မြို့နယ် ပလဖ အမှုစစ်အခြေခံသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၆ ရက်၊မနက် ၉နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး၊ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်မှ တက်ရောက်ခဲ့ပြီး၊ ပလဖ တပ်ဖွဲ့ဝင် သင်တန်းသားများမှ စစ်ရေးပြ အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမှုစစ်အခြေခံသင်တန်းဆင်းပွဲအား အခမ်းအနားအစီ ၉ ရပ် ဖြစ် ပြုလုပ်ခဲ့ပြီး၊ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်မှ အဖွင့်အမှာစကား ပြောခြင်း၊ သင်တန်းနည်းပြမှူး ရဲမှူးစွန်ရဲမှ နှုတ်ဆက်စကားနဲ့ဆုံးမသြဝါဒ စကား ပြောကြားခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။
ဆက်လက်ပြီး ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံမှ အမှာ စကားပြောကြားခြင်း၊အမှုစစ်သင်တန်းသားများအား ရဲချုပ်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါတယ်။
ခင်ဦးမြိုနယ် ပလဖ ဒုတာဝန်ခံ ဗိုလ်တေဇမှ တောင်ခြမ်း ပလဖ တာဝန်ခံ ထံသို့ မိုင်းထုတ်လုပ်ရန် ပလဖ အခွန် (၁၀) ရာခိုင်နှုန်းမှ ရရှိ ငွေ သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။