စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မဆေးရုံကထွက်လာတဲ့ အကြမ်းဖက် စစ်ဗိုလ်နဲ့ တပ်သား ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ခင်ဦး မြို့ပေါ် ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်ကောင်စီတပ်က ဗိုလ်တစ်ဦးနဲ့ တပ် သားတစ်ဦးက ဇွန် ၃ရက် မနက် ၁၀နာရီ ၅မိနစ်က ဆိုင်ကယ်နဲ့ ဆေးရုံအပြင် ထွက်လာရာ ဆေးရုံရဲ့ ကိုက် ၁၀၀ ဝန်းကျင်အရောက်မှာ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အဆိုပါတိုက်ခိုက်မှုအတွင်း ဆေးရုံအထိုင်တပ်စွဲထားတဲ့ တပ်ရဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး နေရာတင် သေဆုံးခဲ့ပြီး MA1 သေနတ်တစ်လက် ကျည် ၊ ဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်၊ တပ်သားရဲ့ မှတ်ပုံတင်နဲ့ အကြမ်းဖက်ဗိုလ်ကြီးရဲ့ အခန်းသော့များ လက်နက်ဂိုထောင်သော့များ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အကြမ်းဖက် ဗိုလ်ကြီးချမ်းငြိမ်းနဲ့ တပ်သား လှိုင်မြင့်ဟာ တပရ ၃၂၃ တပ်က ဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပကဖ တိုက်နယ် အမှတ် ၃ ခေါင်းဆောင်တဲ့ Red Kite Force အဖွဲ့ ၊ Future Hero အဖွဲ့ ၊တိုက်နယ် ၁ က မိုက်ခဲ ဇွတ်ကြီးအဖွဲ့ ၊ ခင်ဦး UG ဌာနေ ၁ အဖွဲ့ ၊ တကိုယ် တော်ကျွဲကြီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။