စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကဘွက်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျပြီး ရိက္ခာများပါ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ကဘွက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများပါ စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး လက်ရှိချိန်တွင် မုန်တိုင်းကြောင့် မိုးရွာ၊ ရေကြီးမှု ဒဏ်ပါ ခံရပြီး စားနပ်ရိက္ခာများ ရေးပေါ်လို လိုအပ်လျက်ရှိကြောင်း သိရသည်။
“ကဘွက်ကျေးရွာက မေလ ၇ ရက်နေ့က မီးရှို့ခံထားရသည့်အတွက် အိမ်ခြေ ၂၀၀ ကျော်ပြာကျသွားတယ်။ ပြည်သူများ အရန် ရိက္ခာသိုလှောင်ထားတဲ့ တောတိုက်တဲတွေပါ စစ်ခွေးတွေက မီးရှို့သွားတယ်။ လတ်တလော မီးရှို့ခံထားရတဲ့အတွက် ကဘွက်ကျေးရွာက အိမ်ထောင်စု ၂၅၀ က မုန်တိုင်းကြားထဲမှာ နေစရာမဲ့ စားစရာမဲ့ ဖြစ်နေပြီး လတ်တလော စားသောက်ကုန်များ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။