ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးမြို့တက္ကသိုလ်မုဒ်ဦးအနီး တစ်မိုင်ပတ်လည်ရှိ ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ကြရန် CDF- CDM(စီးယင်း)က ယနေ့ထုတ်ပြန်လိုက်သည်။
ထိုနှစ်နေရာရှိ ပြည်သူများအနေဖြင့်မေ၁၀ရက်(မနက်ဖြန်) နံနက် ၁၀နာရီနောက်ဆုံးထား ပြောင်းရွှေ့ပေးရန်လည်း CDF-CDM (စီးယင်း)က အသိပေးသည်။
“ပြည်သူတွေ အမြန်ဆုံး ပြောင်းပေးကြပါ။ ဒါက ပြည်သူတွေအတွက်ပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး CDF-CDM (စီးယင်း)ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ရယူနိုင်ခြင်းမရှိသေးပေ။
မေ ၁၀ ရက်၊နံနက် ၁၀ နာရီနောက်ပိုင်းအထိ မပြောင်းရွှေ့သေးသည် ပြည်သူများအနေဖြင့် ထိခိုက်မှုတစုံတရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM (စီးယင်း)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က မေ ၈ ရက်ညနေပိုင်းကဟားခါးမြို့နယ်အတွင်းရှိ CDF(Senthang) ရုံးတစ်ခုကို လေကြောင်းက တိုက်ခိုက်ခဲ့သဖြင့် CDF(Senthang)မှကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။