ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့-KNDF ရဲ့ ဗဟိုလူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Karenni Nationalities Defense Force-KNDF ကို ပြန်လည်ရယူနိုင်ပြီဖြစ်လို့ ပြန်လည်ဆက်သွယ်ဆောင်ရွက်နိုင်ပြီလို့ KNDF ကကြေညာပါတယ်။
KNDF ရဲ့ FaceBook page ကို ဟက်ကာများက ဒီဇင်ဘာ ၂၆ ရက်မှစပြီး တိုက်ခိုက်ထိန်းချုပ်ထားရာမှ KNDF FaceBook Team က ဒီနေ့ ဒီဇင်ဘာလ ၃၁ရက်မှာ Page ကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် KNDF နဲ့ ကရင်နီပြည်အတွင်းရှိ အရေးကြီး စစ်ရေးသတင်းများကို ပုံမှန်အတိုင်း ပြန်လည်တင်ပြသွားမှာဖြစ်ပြီး သတင်းအချက်အလက်ရယူတာ၊ ကူငွေထည့်ဝင်တာတွေကိုလည်း Karenni Nationalities Defense Force-KNDF ဆိုတဲ့ Page ရဲ့ မက်ဆင်ဂျာကနေတဆင့် ပြန်လည်ဆက်သွယ်နိုင်ပြီဖြစ်တယ်လို့ KNDFက ဆိုပါတယ်။
မသမာသူများက Page ကို ထိန်းချုပ်ထားခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်အတွင်း KNDF နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အကြောင်းအရာများနဲ့ ဓာတ်ပုံများကို တင်ခဲ့တဲ့ အဲ့ဒီမသမာသူတွေရဲ့ လုပ်ရပ်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ မိဘပြည်သူများအနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ အနူးအညွတ်တောင်းပန်ပါတယ်လို့ KNDF ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။