စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က စတင်ကာ မုံရွာ မင်းဒေါင့် ဆိပ်ကမ်းမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ရေယဥ် ၄ စီး ၊ မိုးကာအုပ် ၇ စီး၊ သစ်ဖလပ် ၅ စီး စုစုပေါင်း ၁၆ စီး ပါ ရေယာဥ်အုပ်စုသည် ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” မြစ်ကမ်းဘေးက ရွာတွေက အကုန်လုံး ရှောင်နေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ မြစ်ကြောင်းတစ်လျှောက်က ရွာတွေကို ပစ်နေတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ စစ်ခွေး သင်္ဘော အုပ်စုက ဆက်တိုက်ကို ပစ်နေတာ” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။