စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်၏ သစ်တင်ရေယာဥ် ၂ စီးက ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် အောက်ဘက်သို့ စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ သစ်တင် ရေယာဥ်၂ စင်းသည်ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများကို ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ပစ်ခတ်တာရှိတယ်ဗျ။ မြစ်ကမ်းဘေးတစ်လျှောက်ရှိရွာတွေ ရှောင်ရတယ်ဗျ။ ခန့်မှန်းခြေ ၇ ရွာ၊ ၈ ရွာလောက်ရှိတယ်။ ထိမှန်တဲ့ လူတွေရှိတယ်လည်း ကြားတယ်ဗျ။ကျွန်တော်တို့နဲ့ ဝေးတော့ အတိကျမသိရတာပါဗျ “ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။