ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူးများ သိသင့် သိထိုက်တဲ့ ရဲလုပ်ငန်းပိုင်ဆိုင်ရာများ၊ ခေါင်းဆောင်မှုဆိုင်ရာ ပညာ ရပ်တွေကို သင်ကြားပို့ချပေးခဲပြီး သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ရက်စွဲနဲ့ အသိပေးပါတယ်။
တပ်ဖွဲ့ရဲ့ မူဝါဒ၊ ဖွဲ့စည်းပုံတို့ကို ပို့ချတဲ့ အထူး သင်တန်းအား မတ် ၂၈ ရက်မှာ စတင်ခဲ့ပြီး၊ မြို့နယ်ရဲမှူး၊ဒုမြို့နယ် ရဲမှူး ၊ရဲတပ်ဖွဲ့ မှူး ရုံးများမှာ တာဝန်ထမ်းဆောင်ကြမယ့် တပ်ဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ကြ တာပါ။
သင်တန်းဆင်းပွဲကို ပြည်နယ် ရဲချုပ်၊ ရဲရေးချုပ် ၊ ရဲလေ့ကျင့်ရေး အရာရှိချုပ်များက တက်ရောက်၊အားပေးစကားပြောခဲ့တယ်လို့ လည်း ဆိုပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ဟာ ပြည်နယ်၊မြို့နယ် ၊ ဒေသ အသီးသီးက နယ်မြေခံ ရဲစခန်းမှူးများ၊ အမှုစစ်များ၊နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များအားလုံးတို့ရဲ့ လုပ်ငန်း ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ရေးးအတွက် အထူးသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။