ချင်းပြည်နယ်၊ ဒိုင်ရ်ဒေသ လေးမြို့နယ်ဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝ လေးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ တွေ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) အဖြစ်တည် ဆောက်သွားမယ်လို့ ဒိုင်ရ် ဒေသန္တရကောင်စီ (Daai Regional Council )က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒိုင်ရ် ဒေသ ပြည်လည်ပေါင်းစည်းနိုင်ရေး ပထမ အကြိမ် ပြည်သူ့ညီလာခံကို မေ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ဒိုင်ရ်နယ်မြေတွေ ပြန်လည်ပေါင်းစည်းဖို့ စတဲ့သဘောတူညီမှုများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒိုင်ရ် ဒေသန္တရကောင်စီအနေနဲ့ ပြည်သူတရပ်လုံး ဆင်နွှဲနေတဲ့ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးတို့အတွက် ချင်းအမျိုးသးစည်းလုံး ညီညွတ်ရေး၊ ချင်းပြည်တည်ထောင်ရေးတို့မှာ လက်တွဲ ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။