ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်တဲ့ ဖွဲ့စည်းပုံကဲ့သို့သော ကိစ္စရပ်များ ဆောင်ရွက်ရာမှာ ချင်းအမျိုးသားအချင်းချင်းကြား သွေးမကွဲစေရေးအတွက် သက်ဆိုင်တဲ့အစုအဖွဲ့များအကြား ညှိနှိုင်း အဖြေရှာကြဖို့ အရပ်ဖက်အဖွဲ့ အစည်းတွေပါဝင်ပြီး ချင်းပြည်အရေးကို စိုးရိမ်တဲ့ ချင်းပြည်သူများ ရဲ့ဆန္ဒကောက်ခံမှုကို Chin Civic Movement အစီအစဉ် ဒီကနေ့ စတင် ထုတ်ပြန်လိုက်ပါတယ်။
အထက်ပါ လှုပ်ရှားမှုဟာ Chinland Constitution 2023 ကိုအတည်ပြုခြင်းနဲ့ Chinland Council ဖွဲ့စည်း လိုက်တဲ့ အပေါ်ချင်းတော်လှန်ရေးအစုအဖွဲ့များအကြားစစ်ရေးနှင့်နိုင်ငံရေးပဋိပက္ခသို့ဦးတည်စေနိုင်သည့် အခြေအနေများ အချင်းချင်းကြား ဖြစ်ပေါ်စေနိုင်သည့်အလားအလားအလာများကိုလည်း အရပ် ဖက်ပြည်သူများ အနေနဲ့ သတိထားတဲ့ အတွက်အခုလို အရပ်ဖက်ပြည်သူလူ ထုတွေရဲ့ တိုက်တွန်းမှု အစီအစဉ်ကို စတင်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အခုလိုသဘောထားကောက်ယူမှု၊ ချင်းတစ်မျိုးသားလုံးစည်းလုံးရေးကို ရှေးရှူသည့် ပြည်တွင်း၊ ပြည်ပနေ ချင်းအရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ တတ်သိပညာရှင်များ၊ နိုင်ငံတကာ ကျောင်းတက် ရောက်နေသည့် ချင်းလူငယ်များ၊ ချင်းအမျိုးသမီး အဖွဲ့အစည်းများ ကအချိန်တော်ကြာ စီစဉ်ဆောင်ရွက် တာဖြစ်ပါတယ်။
ချင်းတစ်မျိုးသားလုံးစည်းလုံးရေးအတွက်တိုက်တွန်းတဲ့ မှတ်ချက်၊ သဘောထားတွေကို အောက်ပါ လိင့်ကိုဖွင့်ပြီး ပေးလို့ရပါတယ်။