မကွေးတိုင်း၊ ချောက်မြို့ရှိ သခင်ဖိုးလှကြီးရုပ်ထုရှေ့တွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲများ အနေဖြင့် အလင်းဝင်ရောက်ကြရန် စာတန်းချိတ်ဆွဲကာသတိပေးခဲ့ကြောင်း Chauk Guerilla Force (CGF) မှ ရဲဘော် Ko Latt က ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ချောက်မြို့၏ ထင် ရှားသောနေရာ တစ်ခုဖြစ်သည့် သခင်ဖိုးလှကြီး ရုပ်ထုရှေ့အ ထိ သွားရောက်ကာ “အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား” စာတန်းပါ ဗီနိုင်းစ ချိတ်ဆွဲပြီး စစ်သား၊ ရဲများကို နောက်ဆုံးအကြိမ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ထံ အလင်းမဝင်ပဲ အသေခံမည့် စစ်သား၊ ရဲများကို ဆက် လက် သုတ်သင်ရှင်းလင်းသွား မည်ဖြစ်ကြောင်း အသိပေးထားသည်။