မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်း စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အောက် တိုဘာ ၂၇ ရက်နေ့ကစပြီး ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်း နယ်မြေလုံခြုံရေးအကြောင်းပြချက်နဲ့ ချောင်းဆုံမြို့ နယ်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။
အဲဒီညမထွက်ရအမိန့်ကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် အဆင်ပြေမှုတွေ ရှိနေပေမယ့် မြို့နယ်ချင်းဆက် မော်လမြိုင်မြို့မှာ ညမထွက်ရအမိန့် ဆက်ရှိနေတာကြောင့် ကျန်းမာရေးကိစ္စတွေအတွက် အခက်အခဲရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ချောင်းဆုံမြို့နယ်ဟာ အာဏာသိမ်းတစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအင် အားစုနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတချို့ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှု မရှိသလောက် နည်းပါးသွားတာပါ။
စစ်ကောင်စီဟာ ညမထွက်ရအမိန့်ကို မွန်ပြည်နယ်ရဲ့ ချောင်းဆုံမြို့နယ်တစ်ခုတည်းကိုပဲ ရုပ်သိမ်းခဲ့တာဖြစ်ပြီး ကျန်မြို့နယ်တွေဖြစ်တဲ့ မုဒုံ၊ သံဖြူဇရပ်၊ သထုံ၊ ပေါင်မြို့နယ်တို့ကိုတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်ကိုတော့ အချိန်ပြောင်းလဲသတ်မှတ်တာ မရှိဘဲ အရင်ထုတ်ပြန်ထားတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ဆက်ရှိနေတာပါ။
တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်အပြင် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာတော့ ညမထွက်ရအမိန့် အချိန်ပြောင်းလဲမှု မရှိပါဘူး။