ဧရာ၀တီတိုင်း ပုသိမ်မြိုနယ်၊ ချောင်းသာကမ်းခြေတွင် နေထိုင်သည့် အမျိုးသားတစ်ဦး၏ နေအိမ်ကို ဇူလိူင်လ ၆ ရက်နေ့က စစ်ကေင်စီနဲ့ရဲများ၀င်ရောက်ကာလက်ကိုင်ဖုန်းကိုစစ်ဆေးပြီးဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။ ချောင်းသာကမ်းခြေ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် ဦးမောင်နိုင်(ခ)မြင့်စိုးဆိုသူ၏ဖုန်းအတွင်းမှ NUG၊ PDF တိုနှင့်ပတ်သတ်သည့်သတင်းများ၊ တော်လှန်ရေးနှင့်ပတ်သတ်သည့်သတင်းများကို တွေ့ရှိရသည်ဟု စွပ်စွဲကာဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများမှပြောသည်။ “သူက Myint soe နံမည်နဲ့ facebook သုံးနေတာ တစ်ချို တော်လှန်ရေးနဲ့ပတ်သတ်တာလေးတွေ Share တာတွေတော့ရှိတယ် သတင်းအတိအကျနဲ့ကို၀င်ဖမ်းတာပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သိုပြောသည်။
ဦကိုနိုင်(ခ)မြင်စိုးအား ချောင်းသာနယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇူလှိင်လ ၇ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)၊၅၂(က)နဲ့အမှုဖွင့်လှစ်ခဲ့ကာ မိသားစုနှင့် တွေ့ဆုံခွင့်မပေးကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီနှင့်ရဲများက စစ်ဆေးရေးဂိတ်များ၊ နေအိမ် ဧည့်စာရင်းစစ်ရာတွင် ဖုန်းများကိုအဓိကထားကာစစ်ဆေးနေပြီး ဇူလိူင်လ (၁)ရက်နေ့က ၊ ပုသိမ်မြိုနယ် သလပ်ခွာကျေးရွာတွင်စစ်ကောင်စီတပ်များရွာအတွင်းနေအိမ်အချို ကို၀င်ရောက်ကာလက်ကိုင်ဖုန်းများကိုစစ်ဆေးရာမှ သားအဖ ၂ ဦးအဖမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။