စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကမ္မရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ချောင်းဦးမြို့နယ်၊ ကမ္မရွာကို မီးရှို့နေပြီး ကျေးရွာအတွင်း၌ ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ ငွေကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ ပစ္စည်းများကို စစ်တပ်က ခိုးယူ လုယက်ထားကြောင်း သိရသည်။
” ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအုပ်စုက ကမ္မရွာကို ဒီနေ့ ည ၉ နာရီခန့်မှ စစ်ခွေးတွေ မီးရှို့နေပါတယ်။ နံနက်ပိုင်းက ရွာကို ၀င်ရောက် စီးနင်းပြီး ဓားစာခံအဖြစ် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားပြီး ပမာဏသိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ ပစ္စည်းတွေကိုလည်း ခိုးယူ လုယက် ထားပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။