စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွေးဈေးကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွေးစျေးကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်စီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို BLDF တပ်ခွဲ အညာမိုင်း အဖွဲ့က ချောင်းဦးမြို့ အဝင်တွင် ပဒေသာမိုင်း ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“မုံရွေးစျေးကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ခွေးကို ချောင်းဦးမြို့အဝင်မှာ ပဒေသာမိုင်း ၃ ပွိုင့်နဲ့ ဒီနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မျက်မြင် စစ်ခွေး ၄ ကောင် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများနိုင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ချောင်းဦးမြို့နယ် ထွေအုပ်ရုံးကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။