စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မန္တလေးလမ်းပိုင်းတနေရာတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Shan Shan Tauk အထူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ချောင်းဦးမြို့မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာ သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ချောင်းဦး-မန္တလေးလမ်းပိုင်းတနေရာ အရောက် ပဒေသာမိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Shan Shan Tauk အထူးတပ်ဖွဲ့ ၊ Chaung U Local Defence Force (CLDF) နှင့် ရန်ရှင်း ဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ညနေပိုင်းတွင် လည်း ဆက်လက်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။