မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ခရိုင်ရဲစခန်းက လုပ်သက် ၅ နှစ်ရှိပြီဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ခဲယမ်းတွေနဲ့အတူ မေ ၁၉ ရက်မှာ တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင် လာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ ရဲတပ်သား ကျော်ဇင်ထွန်းဟာ Senthang Revolution Force Battalion -2 Company-3 (FRF-Gangaw) ကို ဆက်သွယ်လာပြီး FRF(Gangaw) အဖွဲ့ က နယ်မြေခံ ပကဖနဲ့ ပူးပေါင်းကာ အလင်း၀င်ဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့တာပါ။
အလင်းဝင်လာတဲ့ ရဲတပ်သား ကျော်ဇင်ထွန်းက 7.62 ကျည် ၆၃ တောင့် ၊ 5.56 ကျည် ၂၂ တောင့်၊ 9mm ကျည် ၇ တောင့်နဲ့အလင်းဝင်ရောက်လာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ကို လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။