မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့်အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရှိခဲ့ ကြောင်း ယောအလင်းတန်းက တရားဝင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ပိုင်း ဂန့်ဂေါမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ် ခလရ ၅၀ တပ်က စိုင်ဒူးကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိကာ ဒဏ်ရာရ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း၊ အလားတူ ရှုံးရှီကျေးရွာဘက်တွင်လည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီး
ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုး သားတစ်ဦး၊ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၂၈ ရက်နံနက် ၁၀ နာရီခန့်တွင် အနောက်ဂန့်ဂေါရွာနှင့် ရှုံးရှီရွာကြားရှိ စွယ်တော် ရှင် မြောက်ကျောင်း၌ ညအိပ်စခန်းချတပ်စွဲထားသော ခလရ ၅၀ မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူး ပေါင်းစစ်ကြောင်းအင်အား ၈၀ ခန့်သည် ကင်းများ ပတ်လည်ချထားကာ စစ်ကြောင်းထိုးထွက်လာနိုင် သဖြင့် စစ်ကြောင်းထိုးလာရာ လမ်းကြောင်း တလျှောက်ရှိ ပြည်သူ များ အနေဖြင့် ကြိုတင် သတိဖြင့်နေထိုင်ပေးကြပါရန် ယောအလင်းတန်းက သတိပေးထားသည်။