မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းက လက်နက်ခဲယမ်းအပြည့်စုံနဲ့ အလင်းဝင်လာတဲ့ ပျူစောထီးတွေနဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ပွဲ အခမ်းနားပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁ ကနေ သိရပါတယ်။
ကလေးမြို့နယ် မန္တာကျေးရွာဘက်ကနေ လက်နက်ခဲယမ်း အပြည့်စုံနဲ့ အလင်းဝင်လာတဲ့ ပျူစောထီးတွေကို လတ်တလောရပ်တည်နိုင်အောင် ထောက်ပံ့ငွေကြေးတွေပေးအပ်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁ ရဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
မန္တာကျေးရွာက ပျူစောထီး ၄ ယောက်နဲ့ မိသားစုဝင်အမျိုးသမီး ၂ ယောက်ဟာ အမြင်မှန်ရရှိပြီး နိုဝင်ဘာလ ၅ ရက်မှာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၊၇၊၁၁၊၁၂၊၁၄၊၁၉)တို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းအပြည့်စုံနဲ့ အလင်းဝင်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီပျူစောထီးတွေဟာ အလင်းဝင်လာတဲ့အချိန်မှာ ကာဘိုင်သေနတ် ၂ လက်၊ ကျည်ဆန် ၂၀၉ တောင့် ၊G3ကျည် ၅ တောင့်ကို ဂန့်ဂေါခရိုင်တပ်ရင်းတွေကို အပ်နှံပေးခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါအခမ်းနားကို ဒေသခံပကဖ၊ ပအဖတွေအပါဝင် ဂန့်ဂေါခရိုင် အမှတ်(၁၊၁၂၊၁၄) တပ်ရင်းတွေက ဒုတပ်ရင်းမှူးတွေက တပ်ရင်း ၆ရင်းကိုယ်စား တက်ရောက် ဂုဏ်ပြုပေးခဲ့ကြတယ်လို့ သိရပါတယ်။