မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အချိန်နဲ့တပြေးညီ သတိထားနားစွန့်ဖို့အတွက် ပအဖ က အသိပေးထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ် အခြေစိုက် ထားတဲ့ ကျေးရွာများမှ ရန်သူတပ်ဖွဲ့ဝင်များနဲ့လက်ပါးစေ ပျူစောထီး များက ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ၊ အရပ်သား ပြည်သူ များအား အစုလိုက် သတ်ဖြတ်တာ၊နေအိမ်များအား မီးရှို့ ဖျက်ဆီး တာ ၊ ဖမ်းဆီးတာ၊ပစ္စည်းများခိုးယူတာများစတဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်နေတယ်လို့ မြို့နယ် ပြည်သူ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရ ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၇ နာရီ၊မိနစ် ၃၀ အချိန်မှာ လယ်ကြီး (ပျူရွာ)မှ စတင်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၊ပျူစောထီး ပူးပေါင်း အင်အား ၂၀၀ကျော်ပါ စစ်ကြောင်းဟာ ၁ နာရီ အချိန်ခန့် မှာ စန်းမြို့ရွာသို့ စစ်ကြောင်းထိုးကြ ဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ အထက်ပါ စန်းမြို့ရွာမှာဘဲ ညအိပ်စခန်းချနေတာဖြစ်တယ်လို့ အသိပေးပါတယ်။
ဂန့်ဂေါမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ (၅၀) မှ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၈နာရီ၊မိနစ် ၃၀အချိန်မှာ နောက်ထပ်စစ်ကြောင်းအဖြစ် ထပ်မံထွက်ရှိလာတဲ့ အင်အား ၁၀၀ ခန့်ပါ ရန်သူစစ်ကြောင်းဟာ ပိုးဦးရွာ နဲ့ ကွမ်းဇဲရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးလျက်ရှိနေတယ်လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် အဆိုပါ အကြမ်းဖက်စစ်ကြောင်းများအား အချိန်နဲ့တပြေးညီ် သတိထား နားစွင့်ကာ ၊ ဝေးရာသို့ မဖြစ်မနေ သတိထားတိမ်းရှောင် ကြပါရန် လည်း အထူးသတိပေးထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။