မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲလျက်ရှိကြောင်း ယော PDF အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။
ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ဂန့်ဂေါမြို့ရှိ ရဲစခန်း ၃ ခုကို PDF တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ လျက်ရှိကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ယောက ရဲစခန်း ၃ ခုကို ဝင်တိုက်တာ ။ Mi 35 နဲ့ ဒကစက လာတာ။ ဂန့်ဂေါက နေရာ ၃ခုကို တစ်ပြိုင်ထဲ တစ်ချိန်ထဲ ဂျက်ဖိုက်တာပါ လာပစ်တာ” ဟု ယော PDF အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။