မကွေးတိုင်း၊ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက် နဲ့ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၃၆၈ အမြောက်တပ်က တပ်သား တဦးကို ဂုဏ်ပြု ငွေ သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Yaw Revolution Army ထီးလင်း ထံမှ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောက်ထု အမြှောက်တပ်မှ ၊ ထီးလင်း မြို့ ရန်သူအထိုင်တပ်သို့ စစ်ကူအဖြစ် ပို့ဆောင်ခံရတဲ့ တပ်သား ဟာ Ma 1 တလက်၊ ကျည် ၅၃၉ တောင့်၊ အခြား စစ်သုံး ပစ္စည်းများ ယူလာကာ မေ ၁ ရက်၊ ည ၁၁ နာရီအချိန်မှာ PDF ဂန့်ဂေါခရိုင် တပ်ရင်းသို့ ခိုလှုံဝင်ရောက်လာတာပါ။
ရန်သူ အမြှောက်တပ်မှ ကိုယ်ပိုင်နံပါတ် (တ/၅၂၅၇၀၉) တပ်သား ကျော်စိုးဦးကို ဆုကြေးငွေ ပေးအပ်ပြီး၊ လွတ်မြောက်နယ်မြေ တနေရာသို့ ပို့ဆောင်၊ စောင့်ရှောက်ထားတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။