ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းတွင် စစ်ကားကို ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသွားသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၄ ဦးကို အစုလိုက် အပြုံလိုက် နောင်ချိုသုဿာန်တွင် သဂြိုလ်လိုက်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ ဆုံးသူ ၁၄ ဦးအထိရှိခဲ့ကြောင်း၊ ဩဂုတ်လ ၆ ရက်နေ့တွင် နောင်ချိုသုဿာန် တွင် သေဆုံးသူ စစ်သား ၁၄ ဦးကို စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
“ဂုတ်တွင်းတိုက်ပွဲမှာအသေဆိုးသွားတဲ့စခတွေကို မနေ့က နောင်ချို သုဿာန် မှာ အသုဘချ အမိန့် ပြန်သဂြိုလ်တယ်။ သေဆုံးသူ ၁၄ယောက်ပါ။ အကောင် ကြီးတစ်ကောင်တစ်ပါတယ်။ အရာရှိ သေဆုံးတာကို ခွေးတွေက သတင်း ဖုံးထားတာ။ သေဆုံးတာက ခမရ ၁၁၅ တပ်က ၉ ဦး၊ ခမရ ၁၁၄ က ၅ ဦး။ ဓာတ်ပုံရိုက်ခွင့်မပေးဘူး” ဟု နောင်ချိုဒေသသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်တပ်က နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားတွင် စစ်အင်အား တိုးမြှင့်နေပြီး မကြာမီ တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း သုံးသပ် ပြောဆိုကြသည်။